7/11/11

ကြော်ငြာချက်

ယခု ၀ါတွင်းကာလ ကျောင်းပိတ်ရက် အဖြစ်ဖြင့် ၀ါဆိုလဆန်း ၁၄-ရက်နေ့မှ လပြည့်ကျော် ၁-ရက်နေ့အထိ ၃-ရက်တိုင်တိုင် ကျောင်းပိတ်ရက်အဖြစ် ထုတ်ပြန်ကြေငြာလိုက်ပါသည်။

3/10/11

တတိုင်းမွှေး(သို့) ဗုဒ္ဓတက္ကသိုလ်

“တတိုင်းမွှေး”

သို့

ဗုဒ္ဓတက္ကသိုလ်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်နိဒါန်း (YBU) II

ဤတက္ကသိုလ်၏တည်နေရာသည် ရွှေညဝါဆရာတော်၏ သီတင်းသုံးရာ ရွှေညဝါပညာ့ဗိမာန် ကျောင်းပင်ဖြစ်၏။ တက္ကသိုလ်မတည်ထောင်ခင်က ဆရာတော်၏ ကျောင်းသည် စာသင်သားရဟန်း တော်၊ သာမဏေများနှင့် ကျောင်းသားအနည်းငယ်မျှသာရှိခဲ့၏။ နှစ်စဉ်နွေရာသီတွင် ဓမ္မာစရိယနှင့် အဘိဓမ္မာ ရွှေညဝါဆရာဖြစ်သင်တန်းကြီး ဖွင့်လှစ်သည့် သင်တန်းများ၌မူ စာသင်သားသံဃာတော် တစ်ထောင်လောက်ပင်ရှိသည်။ ဆောက်လက်စ ကျောင်းဆောင်များလည်း မပြီးသေး။ ယခု စာချ နည်းပြကထိကဆရာတော်များ သီတင်းသုံးရာနေရာလည်းဖြစ်၊ ယခုအခါ တတိယနှစ်နှင့် စတုတ္ထနှစ် တို့၏ ပညာသင်ကြားရာ နေရာလည်းဖြစ်သည့် ရတနသိဒ္ဓိနှစ်ထပ်ဆောင်မှာလည်း မပြီးပြတ်သေး သဖြင့် ခိုငှက်ကလေးများနှင့် လင်းနို့ငှက်တို့၏ နားခိုရာဗုံဗိမာန်တစ်ခုပင်။ (ယခုအခါတွင် ရွှေညဝါ ပညာ့ဗိမာန် သုံးထပ်ကျောင်းနှင့် ရတနသိဒ္ဓိကျောင်းဆောင်များလည်း စေတနာရှင်များ၏ ကောင်းမှု ဖြင့် ပြီးစီးနေ ပြီဖြစ်၏။)

2/28/11

ရန်ကုန်-ဗုဒ္ဓတက္ကသိုလ် သင်ကြားရေးဌာနများ

ရန်ကုန်-ဗုဒ္ဓတက္ကသိုလ် သင်ကြားရေးဌာနများ

၁။ ၀ိနယ ပိဋကဌာန ဦးပဏ္ဍိတ (မဟာဓမ္မာစရိယ. M.A)

၂။သုတ္တန္တ ပိဋကဌာန ဦးတေဇာနန္ဒာဘိဝံသ (ဓမ္မစရိယ)

၃။အဘိဓမ္မာ ပိဋကဌာန ဦးပညာသီဟ (ဓမ္မာစရိယ)

၎။ပါဠိစာပေဌာန ဒေါက်တာနောဓိညာဏ (Ph.D)

၅။သက္ကတစာပေဌာန ဦးဇနိတ (ဘာသန္တရဆေက-M.A)

၆။အင်္ဂလိပ်စာပေဌာန ဦးသောဘန (ဘာသန္တရဆေက- M.A)

၇။သမိုင်း-ဒဿနဌာန ဦးပဏ္ဍ၀ံသ (ဘာသန္တရဆေက M.A)

၈။တရုတ်စာပေဌာန ဦးဇောတိဝံသ (ဘာသန္တရဆေက M.A)

၉။ဟိန္ဒီစာပေဌာန ဦးကေလာသ (ဘာသန္တရဆေက M.A)

၁၀။ သာသနာပြုဌာန ဦးဝိမလ (ဘာသန္တရဆေက M.A)

၁၁။ စာရင်းဌာန ဦးဝိမလ ဘာသန္တရဆေက M.A)

၁၂။ မော်ကွန်းထိန်းဌာန ဦးဝိမလ (ဘာသန္တရဆေက M.A)

၁၃။ စာကြည့်တိုက်ဌာန ဦးကောဝိဒ (ဘာသန္တရဆေက M.A)

၁၄။ ကွန်ပျူတာဌာန ဦးရေ၀တ (ဘာသန္တရဆေက M.A)

၁၅။ ပုံနှိပ်ထုတ်ဝေဌာန ဦးပညာသာမိ (ဘာသန္တရဆေက M.A)

၁၆။ ဆက်သွယ်ရေးဌာန ဦးပဏ္ဍ၀ံသ (ဘာသန္တရဆေက M.A)

၁၇။ စာမေးပွဲကျင်းပရေးဌာန ဦးပညာသီဟ (ဓမ္မာစရိယ)

၁၈။ သင်တန်းရေးဌာန ဦးထေရိန္ဒ (သီရိလင်္ကာ M.A)

၁၉။ အထွေထွေဌာန ဦးပညာဇောတ (ဘာသန္တရဆေက M.A)
ဦးဝံသ (ဘာသန္တရဆေက M.A)