12/29/10

နောက်ခံသမိုင်းအကျဉ်း

ရန်ကုန်မြို့၊ ဗုဒ္ဓတက္ကသိုလ် ဖွဲ့စည်းပုံအခြေပြဇယား


သြ၀ါဒါစရိယ ဆရာတော်ကြီးများ
အုပ်ချုပ်ရေးဗဟိုအဖွဲ့
သာသနာပြုအဖွဲ့

သင်ကြားရေးအဖွဲ့

အထောက်ကူပြုရုံးအဖွဲ့
ထောက်ပံ့လုပ်ငန်းများ
သင်ကြားရေးဌာနများ
ဆောင်ရွက်ရန်လုပ်ငန်းများ
၁။ စာသင်ခန်းအဆောက်အဦး
၁။ ၀ိနယပိဋကဌာန
၁။ စာရင်းအင်းဌာန
၂။ ကွန်ပြူတာ+မိတ္တူစက်
၂။ သုတ္တန္တပိဋကဌာန
၂။ မော်ကွန်းထိန်းဌာန
၃။ ဂျက်စတင်နာစာကူးစက်
၃။ အဘိဓမ္မာပိဋကဌာန
၃။ စာကြည့်တိုက်ဌာန
၎။ သင်တန်းသုံးပရိဘောဂများ
၎။ ပါဠိစာပေဌာန
၎။ ကွန်ပြူတာဌာန
၅။ပါဠိတော်နှင့်အဌကထာများ
၅။ သက္ကတစာပေဌာန
၅။ ပုံနှိပ်ထုပ်ဝေဌာန
၆။ အဘိဓာန်ကျမ်းအမျိုးမျိုး
၆။ အင်္ဂလိပ်စာပေဌာန
၆။ ဆက်သွယ်ရေးဌာန
၇။ မြန်မာပြန်ကျမ်းစာများ
၇။ သမိုင်း-ဒသနဌာန
၇။ စာမေးပွဲကျင်းပရေးဌာန
၈။ ဘာသာရေးကျမ်းစာများ
၈။ဟင်ဒီတရုပ်စာပေဌာန
၈။ သင်တန်းရေးရာဌာန
၉။ အခြားလိုအပ်ချက်များ
၉။ သာသနာပြုဌာန
၉။ အထွေထွေဌာန



၂၀၀၄-ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ သမိုင်းနောက်ခံ။
ဆရာကြီးဦးမြင့်ဆွေသည် ရန်ကုန်မမြို့၊ ဗုဒ္ဓတက္ကသိုလ်ကို ၁၃၆၆-ခု၊ ပထမ၀ါဆိုလဆန်း ()ရက် တနင်္လာနေ့တွင် ကြည့်မြင်တိုင်မြို့နယ် နိုင်ငံတော် သာဓုပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်ခဲ့ပါသည်။
ဤသို့ဖွင့်လှစ်ရခြင်း၏ အကြောင်းရင်းမှာ မန္တလေးမြို့၊ ဗုဒ္ဓတက္ကသိုလ်၏ ဖွင့်လှစ်သင်ကြားမှု ကို ကြားသိကြသော ရန်ကုန်မြို့မှ သံဃာတော်တို့နှင့် သီလရှင် ဆရာလေးတို့က ရန်ကုန်မြို့တွင် လည်း ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ရန် တောင်းဆိုခဲ့မှုကြောင့်၎င်း၊ မြန်မာရဟန်းတော် များနှင့် သီလရှင် တို့အား တက္ကသိုလ်ပညာရေး တတ်မြောက်စေလိုသောကြောင့်၎င်း ရန်ကုန်မြို့ ဗုဒ္ဓတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ ရန်ကုန်တက္ကသိုလ်ကို မဖွင့်မှီ အစပထမတွင် တက္ကသိုလ်နေရာ ရှာဖွေရာတွင် နေရာ အခက်အခဲများစွာရှိခဲ့ပါသည်။ ထို့နောက် အင်းစိန်မြို့နယ်၊ စွန်းလွန်းကျောင်းတိုက်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ နောက်ဆုံးတွင် ဗုဒ္ဓတက္ကသိုလ်နှင့်သင့်တော်ကိုက်ညီ သော နိုင်ငံတော် သာဓုပရိယတ္တိစာသင်တိုက်တွင် အတည်တကျဖွင့်လှစ်နိုင်ခဲ့ပါတော့သည်။ ထိုသာဓု ပရိယတ္တိစာသင်တိုက်တွင် ဗုဒ္ဓတက္ကသိုလ်မဖွင့်လှစ်မီ လလောက်အလိုတွင် ရွှေည၀ါ ပညာ့ဗိမာန်ဆရာတော် ဘဒ္ဒန္တ ပညာသီဟနှင့် ကြိုတင်တိုင်ပင် ဆွေးနွေးလျှောက်ထားခဲ့ပါသည်။
ဆရာတော်သည် ပညာရေး သာသနာပြုလုပ်ငန်းများကို အားပေးချီးမြှောက် ထောက်ပံ့ သည့်အပြင် လိုအပ်ချက်များစွာကိုလည်း လမ်းညွှန် မိန့်ကြားခဲ့ပါသည်။
ထိုသို့ဖြင့် ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဘဒ္ဒန္တ ကုမာရာဘိဝံသ(နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌဆရာတော်) ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဆရားကြီး ဦးမြင့်ဆွေတို့နှင့် ရွှေည၀ါ ဆရာတော် ဘဒ္ဒန္တ ပညာသီဟ တို့ ညှိနှိုင်းတိုင်ပင်ပြီး အထက်ပါ နေ့ရက်တွင် စတင်ဖွင့် လှစ်ခဲ့ပါသည်။
ဗုဒ္ဓတက္ကဖွင့်ပွဲအခမ်းနားတွင် ကျောင်းသားကျောင်းသား၊ ကျောင်းသူတို့အား ရွှေည၀ါပညာ့ ဗိမာန်ဆရာတော် ဘဒ္ဒန္တ ပညာသီဟ(ရန်ကုန် ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ်ဆရာတေ်)မှ အဖွင့်အမှား စကားမိန့်ကြား ၍၊ ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေက ပညာသင် ကြားမှုဆိုင်ရာများ ရှင်းလင်းပြောဆိုပြီး၊ ပညာရေး တာဝန်ခံ ဆရာတော်တစ်ပါးက တက္ကသိုလ်ဆိုင် ရာသိမှတ်ဖွယ်ရာများကို ရှင်းလင်းလျှောက်ထားရင်း တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် နည်းပြ၊ ကထိက ဆရာတော်များက ဆိုင်ရာဘာသာရပ်များကို ဆက်လက်သင် ကြားခဲ့ပါသည်။ ဖွင့်လှစ်သည့်နေ့တွင် ကျောင်းသား ကျောင်းသူ ၂၀၀ ခန့်တက်ရောက်ကြပါသည်။
ရန်ကုန်မြို့၊ ဗုဒ္ဓတက္ကသိုလ်ဖွင့်ရာတွင် သြ၀ါဒါစရိယဆရာတော် (၁၀)ပါး။ ဗုဒ္ဓတက္ကသိုလ် ဖြစ်မြောက်ရေး အကျိုးဆောင်ဆရာတော်()ပါး ကထိကဆရာတော် ()ပါး။ နှင့် လူတစ်ဦး။ အကြံပေးပညာရှင် ဦး၊ ဝေယျာဝစ္စအဖွဲ့ဝင် ၁၀ ပါး တို့ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။