1/30/11

ဆရာကြီးဦးမြင့်ဆွေ

မန္တလေး-ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်

အတ္ထုပ္ပတ္တိအကျဉ်း

ဆရာကြီးဦးမြင့်ဆွေသည် ၁၉၃၄-ခုနှစ်တွင် တပ်ကုန်းမြို့နယ်၊ သဖန်းချောင်းရွာ၌ ဦးအုန်းရွှေ+ ဒေါ်စောအေးတို့မှ မွေးဖွားခဲ့၏။

အသက် ၁၉-၂၀ နှစ် (၂၉၅၃-၄) ၌ ဓမ္မာစရိယစာချတန်းတွင် ကျမ်းရင်းနှင့် ဂုဏ်ထူးကျမ်းပေါင်း ၉ ကျမ်းစလုံးကို အောင်မြင်၍ သီရိပ၀ရဓမ္မာစရိယ ဘွဲ့ကိုရရှိခဲ့၏။ အသက် ၂၇နှစ် (၁၉၆၀-ခု)၌အစိုးရပညာတော်သင်အဖြစ် လန်ဒန်တက္ကသိုလ်သို့ သွားရောက်ပညာသင်ကြားခွင့်ရရှိ၍ မဟာဝိဇ္ဇာ-
ဘာသန္တဆေက (M.A. Indo-Aryan)ကို ရရှိခဲ့၏။ မန္တလေးတက္ကသိုလ် ပါဠိဌာန၌ ၁၉၆၀-ခုနှစ်အထိ ၃၅နှစ်တိုင်) အမှုထမ်းခဲ့ပြီး၍ တွဲဖက်ပါမောက္ခအဖြစ်ဖြင့် သက်ပြည့်ပင်စင်အငြိမ်းစား ယူခဲ့ပါသည်။
ဆ၇ာကြီးဦးမြင့်ဆွေသည် မန္တလေးတက္ကသိုလ်တွင် အမှုထမ်းခဲ့စဉ်အတွင်း အ သုံးလုံးသင်တန်းကို မိမိ၏ မြန်မာစာသင်နည်းစံနစ်ဖြင့်ကြီးကြပ်သင်ကြားပေားခြင်း စသည့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်
အပြင် ၊ သုသေတနစာတန်းများ တင်သွင်းဖတ်ကြားခြင်း၊ ဌာနဆိုင်ရာ မဟာဝိဇ္ဇာကျမ်းများကို ကြီးကြပ်ခြင်းနှင့်တကွ ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ- လန်ဒန် )ကလောင်အမည်ဖြင့် ဘာသာရေးပညာပေး ကျမ်းစာများကို ရေးသားလာခဲ့ရာ ယခုအခါ ကျမ်းပေါင်း ၅၀ ကျမ်းကို ရေးသားခဲ့ပြီးဖြစ်၏။
ထို့ပြင် ၁၉၆၉-၇၀ ခုနှစ် နွေရာသီကာလများ၌ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဆရာကြီးဦးလှမောင်၏ ပညာရေးစီမံချက် အရ အဘိဓာန်ကျမ်းပြပါဠိပညာရှင် အရာရှိ ၄ဦးတို့အား သက္ကတ - ဘာသာဗေဒ ပညာရပ်များကို သင်ကြားပေးခဲ့ရာ ၃ ဦးမှာအိန္ဒိယနိုင်ငံသို့သွားရောက်ပညာ သင်ခွင့်
ရ၍M.A ဘွဲ့များကို ရရှိခဲ့ကြပါသည်။
ဆ၇ာကြီးဦးမြင့်ဆွေသည် ၁၉၈၆ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံတော်
ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေးမြို့)၌စတင်ဖွင့်လှစ်သည်မှာ ယခုအထိ
အဆက်မပြတ်ဘဲ ၂၀ နှစ်တိုင်တိုင် ပါဠိဌာနတွင် တွဲဖက်ဌာနမှူးအဖြစ်ဖြင့် ပါဠိ၊ သက္ကတ၊ ပြာကတ
ဘာသာဗေဒ ပညာရပ်များကိ (၇) တန်းစလုံးတွင် သင်ကြားပို့ချပေးခဲ့သည့်အပြင်
မဟာဓမ္မစရိယ (M.A) ဘွဲ့အတွက် ပြရမည့် ကျမ်းများကိုလည်း တာဝန်ယူကြီးကြပ်
ပေးခဲ့ရာ ကျမ်းပေါင်း (၁၉) ကျမ်းကို ကြီးကြပ်ပေးခဲ့ပြီးဖြစ်၏။ ထို့ပြင် (မန္တလေး
တက္ကသိုလ်မှ အငြိမ်းစားယူသည့်) ၁၉၉၄- ခုနှစ်မှစ၍ မန္တလေး ပရိယတ္တိသာသနာ့
တက္ကသိုလ်၌ အကြံပေးပညာရှင်အဖြစ်လည်းကောင်း သာသနာ့ တက္ကသိုလ်များ
ဆိုင်ရာ ဗဟိုပညာရေး၊ အဖွဲ့ဝင် ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင် အဖြစ်ဖြင့်လည်းကောင်း
သာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
ဆ၇ာကြီးဦးမြင့်ဆွေသည် ဗုဒ္ဓစာပေပရိယတ္တိသင်ကြားရာ၌ ခေတ်မီနည်း
စံနစ်နှင့်တကွ ပြဌာန်းသင်ကြားသင့်သည့် ဘာသညရပ်အားလုံးကို ဘက်စုံကျွမ်းကျင်အောင်နှစ်ပေါင်းများစွာ ကြိုတင်လေ့လာခဲ့သည်ဖြစ်ရာကား၁၉၉၄
ခုနှစ် ၌မန္တလေးတက္ကသိုလ်မှ အငြိမ်းစားယူပြီးသောအခါ (ဦးရေ နှင့် အသက်၊
ကန့်သတ်၍ လက်ခံသည့် သာသနာ့ တက္ကသိုလ်ကြီး ၂ ခု၌ တက်ရောက်သင်ကြား
ခွင့် မရရှိသည့်ပထမတန်းကြီးအောင် သံဃာတော်များအတွက် တက္ကသိုလ်ပညာ
သင်ကြားခွင့် မဆုံးရှုံးစေရန် အလို့ငှာမန္တလေးမြို့ ဗုဒ္ဓတက္ကသိုလ်ကိုတည်ထောင်၍
ဒီပလိုမာ ၂နှစ် B.A ၂နှစ် M.A ၃နှစ်ပေါင်း (ရ)နှစ် သင်တန်းများကို ဖွင့်လှစ်သင်
ကြားပေးလျှက်ရှိပါသည်။
ထို့ပြင် ယင်းဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရသံဃာတော်များဖြင့် ရဟန်းရှင်၊လူ၊
မည်သူမဆို တက်ရောက်သင်ယူနိုင်သည့် ၁ နှစ်သင် ပါဠိ၊ အဘိဓမ္မာ၊ဗုဒ္ဓဘာသာ
(၃) ဘာသာ အခြေခံ ဒီပလိုမာ သာသနာပြုသင်တန်းများကို ၁၉၉၉ ခုနှစ်မှ စ၍
မန္တလေးမြို့တွင် ၅ ဌာန ပြန်၍ ဖွင့်လှစ်သင်ကြားပေးသည့်အပြင် ယင်းသင်တန်း
အောင်သူများအတွက် ၄ နှစ်သင် ၀ိဇ္ဇာ (ဗုဒ္ဓသာသနာပြု)ဘွဲ့ B.A (Buddhist Missionary) ဘွဲ့ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။
ထို့ပြင် နွေရာသီ (တန်ခူး - ကဆုန်) တစ်လ သင်တန်းများကို လက်လှမ်းမှီရာမြို့များ၌ ဖွင့်လှစ်၍ ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ နှစ်ဘာသာကို ၂၀၀၃
ခုနှစ်မှစ၍သံဃာတော်များဖြင့် သင်ကြားပေးလျှက်ရှိပါသည်။
မန္တလေးမြို့ ဗုဒ္ဓတက္ကသိုလ်၏ ဌာနခွဲအဖြစ် ရန်ကုန်မြို့၊နိုင်ငံတော်သာဓုပရိယတ္တိစာသင်တိုက်၌ ယခုနှစ် (၂၁-၆-၂၀၀၄) မှစ၍ ဖွင့်လှစ်သင်ကြားပေးလျှက်
ရှိပါသည်။
ဤသို့လျှင် ဆရာကြီးဦးမြင့်ဆွေသည် အမျိုးဘာသာ သာသနာ အကျိုးပြု
လုပ်ငန်းများကို ဘာသာသာသနာစိတ်အပြည့်ဖြင့် မနေမနားကြိုးစားလုပ်ကိုင် လျှက်ရှိပါသည်။


(မှတ်ချက်။ ဆရာကြီး၏ ရေးသားခဲ့ပြီးသော ကျမ်းစာများမှ ကောက်နုတ်ချက်များကို နောက်ပိုင်းတွင် ဆောင်းပါးအဖြစ်တင်ပြပါမည်................။)