3/10/11

တတိုင်းမွှေး(သို့) ဗုဒ္ဓတက္ကသိုလ်

“တတိုင်းမွှေး”

သို့

ဗုဒ္ဓတက္ကသိုလ်

အဟောင်း…

မကောင်းဘူးလို့ သူမဆို။

အသစ်…

အပြစ်လို့လည်း သူမမြင်။

အဟောင်း အသစ်ကို

ဟန်ချက်ညီညီ ပေါင်းစပ်ကာ

မဇ္ဈိမလမ်းကို သူမြန်းမ(မည်)တဲ့။

သူဟာ…….

အတော်ဆုံးဆိုတဲ့

ကမ္ဘာကျော် ပန်းချီဆရာထက်

ဆထောင်သောင်းကွာတဲ့

ဆရာရဲ့စုတ်ချက်တွေအောက်

လူလားမြောက်ခဲ့ပေါ့…။

သူဟာ………

ကျောင်းသားတွေရဲ့မျက်စိ

ကျောင်းသားတွေရဲ့နား

ကျောင်းသားတွေရဲ့အားပါပဲလေ…။

သူဟာ…

တက်,ရွက်အစုံ

သူငါအကုန်နဲ့

အကောင်းဆုံးဖြစ်အောင်လုပ်ဖို့

အသင့်ဖြစ်ခဲ့ပြီ…။

သူတို့မေတ္တာ

သူတို့စေတနာ

သူတို့အနစ်နာ

သူတို့ပညာဖြင့်

အမိမြေလည်းမြင့်

ကမ္ဘာမြေလည်းတင့်ပါစေ….။

မှတ်ချက်။ ။ ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၊ ၂၀၁၀-၁၁ ဘွဲ့နှင်းသဘင်အတွက် ဂုဏ်ပြုဖွဲ့ဆိုပါသည်။

အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)

Date 1st March 2011