Showing posts with label သြ၀ါဒ. Show all posts
Showing posts with label သြ၀ါဒ. Show all posts

1/29/11

သြဝါဒ

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

 တရားဟောဆရာတွေဟာ တရားကို လက်တွေ့ထိုင်ပြီး ကိုယ်တွေ့တာ၊ မြင်တာတွေကိုချည်းသာဟောပြောနေမယ်ဆိုရင်....

1/23/11

သြ၀ါဒ

မန္တလေး ဗုဒ္ဓတက္ကသိုလ် သြ၀ါဒါစရိယ
အောင်မြေရွှေဘုံတိုက် ဆရာတော်
အရှင်သုဇနပဏ္ဍိတ
သြ၀ါဒ ကထာ

  • ပရိယတ္တိသည် သစ်ပင်၏ ရေသောက်မြစ်နှင့် တူ၏၊
  • ပဋိပတ္တိသည် သစ်ပင်၏ အနှစ်နှင့် တူ၏၊
  • ပဋိဝေဓသည် အနှစ်၏ အရသာနှင့် တူ၏၊

အမြစ်ကိုရေလောင်းပေးပါ၊ အနှစ်ကို စားသုံးပါ၊ အနှစ်၏ အရသာပေါ်လာပါလိမ့်မည်။
“အမတံ ဒဒေါ ဟောတိ၊ ယော ဓမ္မ မနုသာသတိ”
“အကြင်ပုဂ္ဂိုလ်သည် ပရိယတ္တိဓမ္မကို သင်ယူပို့ချဆုံးမ၏၊ ထိုသူသည် အသင်္ခတဓါတ် အမြိုက်နိဗ္ဗာန်ကို ပေးလှူသည် မည်၏”

  • ဘုန်းကံကြိးမား၊ ချွေရံများ၊ လာဘ်ကား မိုးသို့စွေပါစေ၊
  • မဂ်လမ်း၊ ဖိုလ်လမ်း၊ နိဗ္ဗာန်လမ်း၊ ဆုံးခန်းတိုင်မြောက် ရောက်ပါစေ။
  • အသက်ရာကျော်၊ သာသနာတော်၊ ပျော်ပျော်ရွှင်လန်း၊ ထမ်းနိုင်ကြပါစေ။

အရှင်သုဇနပဏ္ဍိတ

1/11/11

တက္ကသိုလ် ဟူသည်မှာ...

တက္ကသိုလ် ဖြစ်ပျက်စဉ်သမိုင်း
ဗုဒ္ဓတက္ကသိုလ် သြ၀ါဒါစရိယ တောင်စလင်းဆရာတော်
ဘဒ္ဒန္တ တိက္ခ မဟာထေရ်
သြ၀ါဒ

ဆရာကြီး ဦးမြင့်ဆွေရေးသားသည့် “ငရဲပြည်နှင့် နတ်ပြည် စာအုပ်နိဂုံးပိုင်း” ၌ ၁၉၉၄၊ ဒီဇင်ဘာလ၌ မန္တလေးမြို့ပေါ်ရှိ ပရိယတ္တိအကျော်အမော် ဆရာတော်ကြီး (၁၀) ပါး၏သြ၀ါဒကိုခံယူလျှက် (၁) ဗန်းမော်ဆရာ တော် ဘဒ္ဒန္တ ကုမာရာဘ၀ံသ(နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ) က အဓိပတိ ဥက္ကဌဆရာတော် အဖြစ်၎င်း (၂) မြတောင်ဆရာတော် ဘဒ္ဒန္တ သာသနာဘိဝံသ(အဘိဓဇ မဟာရဌဂုရု၊ မန္တလေးတိုင်း သံဃနာယက ဥက္ကဌ)က တက္ကသိုလ်၏ ဒုတိယ ဥက္ကဌအဖြစ်၎င်း၊ (၃) ဦးမြင့်ဆွေ(သီရိပ၀ရ ဓမ္မာစရိယ၊ ၀ိဇ္ဇာဂုဏ်ထူး၊ မဟာဝိဇ္ဇာ၊ လန်ဒန်၊ မဟာ သဒ္ဓမ္မဇောတိကဓဇ၊ မန္တလေး ပရိယတ္တိသာသနာ့တက္ကသိုလ်၏ တွဲဘက်ဌာနမှူးနှင့် အကြံပေးပညာရှင်) က ကျောင်းအုပ်ကြီး အဖြစ်တာဝန်ယူ၍ ပြည်တွင်းပြည်ပ သာသနာပြုရဟန်းတော်များ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်၍ ဤဗုဒ္ဓတက္ကသိုလ်ကြီးကို တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။

1/8/11

သြ၀ါဒ

ဗုဒ္ဓတက္ကသိုလ် သြ၀ါဒါစရိယ
မန္တလေးမြို့မိုးကောင်းတိုက် ဆရာတော်
ဘန္ဒန္တ ပဏ္ဍိစ္စာဘိဝံသ
သြ၀ါဒ ကထာ။

ပြည်တွင်းသာသနာ ဦးစားပေးကြပါ
အရှင်မြတ်တို့သည် ပြည်တွင်း၊ ပြည်ပ သာသနာပြုပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန် အထူးရည်သန်၍ တည် ထောင်ထားအပ်သော ဗုဒ္ဓတက္ကသိုလ်ကြီး၏ အသီးအပွင့်များဖြစ်ကြပါသည်။ ဆရာတော်ကြီးတစ်ပါးက သူ့တပည့် များကို “ငါ့ရှင်တို့ သာသနာတော်မှာ တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဘွဲ့ထူး၊ ဂုဏ်ထူးကြီးနဲ့ အယောင်ပြ ဟန်ဆောင်ပြီး ဘုန်းကြီးအောင် လုပ်ကြသည်။ ဘုန်းကြီးတော့ လာဘ်လာဘတွေ ပေါများပြီး ရုပ်ဝတ္ထုအကောင်းစားကြီးတွေနဲ့ ဇိမ် ခံနေကြတယ်။ သာသနာကောင်းအောင် ပြုပြင်ဘို့မေ့နေကြပြီ။ ဒါမသန့်ရှင်းတဲ့ ဘုန်းကြီးမှုပါ။ အားမ ကျကြ ပါနဲ့” လို့ မိန့်ကြားတာ မှတ်သားဖူးပါတယ်။ ငါ့ရှင်တို့လည်း ဒီသြ၀ါဒကို လိုက်နာဖို့မေ့မနေကြပါနဲ့။

1/6/11

သြ၀ါဒ

ဘဒ္ဒန္တ သာသနာဘိဝံသ(မန္တလေးတိုင်း ၊ တိုင်းသံဃနာယက ဥက္ကဌ)
သြ၀ါဒ ကထာ
ပြည်တွင်း၊ ပြည်ပ သာသနာပြုများ ပေါ်ထွန်းလာရေးအတွက် တည်ထောင်ဖွင့်လှစ်ခဲ့သော ရန်ကုန်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်ကြီးများသည် နှစ်ကာလ ကြာမြင့်လာသည်နှင့် အညီ အတန်းအသီး၌ အောင်မြင်၍ လောကအကျိုး သာသနာအကျိုများ သယ်ပိုးလာနိုင်ကြသော သာသနာ့အာဇာနည်များ ထွက်ပေါ်ခဲ့ကြောင်းကြားသိရသဖြင့် ထေရ၀ါဒ သာသနာပြုလုပ်ငန်းအတွက် အားရ၀မ်းသာ နှစ်သက်ပီတိဖြစ်ခဲ့ရပါသည်။

သြ၀ါဒကထာ

ရန်ကုန်၊ မန္တလေး ဗုဒ္ဓတက္ကသိုလ်ကြီး နှစ်ခု၏ အဓိပတိ ဆရာတော်
ဘဒ္ဒန္တ ကုမာရာဘိဝံသ
(ဗန်းမော်ဆရာတော်၊ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ)
ပညာသင်ကြာရေးဆိုင်ရာ သြ၀ါဒကထာ။
မာဂဓာ ပါကတာ စေ၀၊ သဟ သင်္ခတ ဘာသယ၊
တိသန္နံ ကောဝိဒေါ ယော သော၊ ဓိရော ပါဠိ ၀ိသောဓယေ။

ပုဂံခေတ်ဦးက ရှေးပညာရှင်ကြီးများ စီရင်ရေးသားခဲ့သော ဂါထာဖြစ်ပေသည်။ အနက်မှာ သက္ကတ ဘာသာနှင့် တကွ၊ ပါဠိ၊ ပြာကတ ဘာသာဟူသော အိန္ဒယ ဘာသာစကားသုံးမျိုးကို တတ်ကျွမ်းသည့် ပညာရှိသည် ပါဠိ၊ ပုဒ်ပါဌ်၊ အက္ခရာ မှန်၊ မမှန်ကို သုတ်သင်ရှင်းလင်းနိုင်၏။ ဟူ၍ဖြစ်၏။ ဤအဆိုအမိန့် အရ ရှေးခေတ်အခါမှ စ၍ တစ်ဘာသာနှင့် တစ်ဘာသာ နီးကပ်စွာ ဆက်စပ်နေသည့် သက္ကတ၊ မာဂဓ၊ ပြာကတ အမျိုးမျိုးဟူသော အိန္ဒိယ ဘာသာများကို တတ်ကျွမ်းအောင် ကောင်းစွာ လေ့လာသင်ယူထားမှ သာလျှင် ပါဠိပုဒ်တွေကို နိုင်နင်း၍ တိကျမှန်ကန်စွာ ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင့် ထင်ရှားလှပေသည်။ ရှေးခေတ်မှ စ၍ ယခုအထိ သုံးစွဲနေသည့် ဘာသာစကားတွေ အမျိုးမျိုးကို မျိုးနွယ်တူရာ အုပ်စုခွဲခြား သတ်မှတ်လိုက်လျှင် သက္ကတ ဘာသာမျိုးနှင့် ပြာကတ ဘာသာမျိုးဟူ၍ နှစ်မျိုးသာ တွေ့နိုင်ပေမည်။ ထိုနှစ်မျိုးတွင်...