ပါရမီဟူသည် သံသရာတည်းဟူသော ဤဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုဘက်ကမ်းသို့ ရောက်စေ နိုင်သည့် ဒါန သီလ စသည့် ကုသိုလ်တရားများကို ခေါ်ဆိုခြင်းဖြစ်ပေသည်။ ဤစကားအရ သံသရာဝဋ် ဆင်းရဲတည်းဟူသော ဤဘက်ကမ်းဖြစ်သည့် လူ၊ နတ်ချမ်းသာကို လိုချင်တောင့်တ၍ ပြုအပ်သော ဒါန၊ သီလစသော ကုသိုလ်တရားများ ကို ပါရမီ ဟု မခေါ်နိုင်ကြောင်းမှတ်ယူရာ၏။ ထိုပါရမီနှင့်ပါတ်သက်၍ ကျမ်းဂန် အဆိုနှစ်ရပ်ရှိ၏။