ဆရာကြီးဦးမြင့်ဆွေသည် ၁၉၃၄-ခုနှစ်တွင် တပ်ကုန်းမြို့နယ်၊ သဖန်းချောင်းရွာ၌ ဦးအုန်းရွှေ+ ဒေါ်စောအေးတို့မှ မွေးဖွားခဲ့၏။
Showing posts with label biography. Show all posts
Showing posts with label biography. Show all posts
1/30/11
1/23/11
ဗန်းမော်ဆရာတော်
![]() |
| ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ) ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် |
ဘ၀ဖြစ်စဉ်အကျဉ်း
၁။ ဘွဲ့တော် ဘဒ္ဒန္တကုမာရာဘိဝံသ
၂။ သက်တော်၊ သိက္ခာ ၈၁-နှစ်၊၆၁-၀ါ
၃။ မွေးသက္ကရာဇ် ၁၂၉၁- ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊
တနင်္လာနေ့၊ ၁၉၂၉-ခုနှစ်၊ စက်တင်ဘာ(၁၆)ရက်
၎။ သီတင်းသုံးရာဌာန (က)ဗန်းမော်ကျောင်းတိုက်၊ မန္တလေးမြို့
(ခ)ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်
အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနပြု
တက္ကသိုလ်၊သာသနာရေးဝန်ကြီးဌာန၊
ဓမ္မပါလကုန်းမြေ၊စွယ်တော်မြတ်စေတီအနီး၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
၅။ ဇာတိရပ်ရွာနှင့်ခမည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊
တော်မယ်တော်တို့၏ ရဘဲကျေးရွာ ဦးဖိုးသစ်၊ဒေါ်အေးသိုက်
အမည်
၆။ ရှင်သာမဏေပြုခြင်း ဂျပန်ခေတ၊်ရွာသစ်ရွာအထက်တန်းကျောင်းမှ
အဌမတန်း အောင်မြင်ပြီးနောက်ရှင်သာမဏေဘောင်
ဝင်ရောက်ခဲ့ပါသည်။
၇။ ရဟန်းပြုခြင်း ၁၃၁၀-ခုနှစ်၊တပို့တွဲလတွင် မြင့်မြတ်သော
ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပါသည်။
၈။ ပညာသင်ကြားခြင်း ငယ်စဉ်က ဆင်မင်းရွာ မူလတန်းကျောင်းမှ
စတုတ္ထတန်း အောင်မြင်ခဲ့သည်။
ဂျပန်ခေတ်တွင်ရွာသစ်ရွာအထက်တန်းကျောင်းမှ
အဌမတန်း အောင်မြင်ခဲ့ပါသည်။
ထို့နောက် ရှင်သာမဏေပြု၍လောကုတ္တရာစာပေ
များကို သင်ယူခဲ့ရာ သဒ္ဒါကြီး သဂြိုလ်ကျမ်းများကို
အာဂုံဆောင်သည်အထိ ရရှိခဲ့ပါသည်။ပဌမငယ်တန်း၊
ပဌမလတ်တန်းနှင့် ပဌမကြီးတန်းပညာများကိုပါ
သင်ယူခဲ့ပါသည်။ ထို့နောက် မန္တလေးမြို့
ဘုရားကြီးတိုက်နယားကျောင်းသို့ ရွှေ့ပြောင်းပြီး
မြန်မာနိုင်ငံတွင် အခက်ဆုံးစာမေးပွဲဖြစ်သော
ပရိယတ္တိသာသနာဟိတသကျသီဟစာမေးပွဲအတွက်
စာဝါများသင်ယူခဲ့ပါသည်။ သကျသီဟစာသင်တန်း၌ အမှတ်အများဆုံး
နံပါတ်တစ်မှ အောင်မြင်ခဲ့ပါသည်။ သကျသီဟ စာချတန်း၌ အဋ္ဌကထာ ကျမ်းကြီး ၃-ကျမ်းကို
နှစ်မခြားဘဲ တစ်နှစ်တည်းဖြင့် အောင်မြင်ခဲ့သဖြင့်
""၀ဋံသကာ""ဟူသော ဂုဏ်ထူးဖြင့် ရွှေတံဆိပ်ဆု
ချီးမြှင့်ခြင်းခံရသည်။ အဋ္ဌကထာကျမ်း(၉) ကျမ်းကို
တစ်နှစ်တည်းဖြင့် ပါဠိလိုအောင်မြင်သဖြင့်
မြန်မာတစ်နိုင်ငံလုံး၌ ပါဠိဘာသာဖြင့် -သိရောမဏိ-ဘွဲ့ရရှိသည်မှာ ဆရာတော်တစ်ပါးသာ ရှိပါသည်။ ၁၃၁၅-ခုနှစ်၌သကျသီဟ
ပရိယတ္တိသာသနာဟိတ ဓမ္မာစရိယ ၀ဋံသကာဘွဲ့နှင့် အစိုးရစာချတန်း
သာသနာဓဇသီရိပ၀ရဓမ္မာစရိယ ပါဠိသိရောမဏိဘွဲ့
များကိုရရှိခဲ့ပါသည်။
လောကုတ္တရာစာမေးပွဲများ ပြီးဆုံးပြီးနောက်
လောကီ အတန်းစာများကို
ဆက်လက်လေ့လာရာ မန္တလေးတက္ကသိုလ်မှ
ဝိဇ္ဇာဘွဲ့ (B.A)ကိုရရှိခဲ့ပါသည်။
မန္တလေးဘုရားကြီးတိုက် ပုသိမ်ကျောင်းဆရာတော်
ဘုရားထံ သက္ကတသဒ္ဒါကျမ်းကို ၃-နှစ်ခန့်
အပြီးသင်ယူခဲ့ပါသည်။ ထို့နောက်
ဗြာကရဏဘာသာနှင့် အဒ္ဓမာဂဓီဘာသာတို့ကို
အဘယာရာမဆရာတော် ဦးသီလာနန္ဒ၏ အကူအညီဖြင့်
လေ့လာသင်ယူခဲ့ပါသည်။
၉။ အောင်မြင်ခဲ့သောစာမေးပွဲများ
(၁) ပဌမငယ်တန်း(၁၃၀၈-ခုနှစ်)
(၂) ပဌမလတ်တန်း(၁၃၀၈-ခုနှစ်)
(၃) ပဌမကြီးတန်း(၁၃၁၃-ခုနှစ်)
(၄) သကျသီဟစာသင်တန်း(၁၃၁၄-ခုနှစ်)
(၅) သကျသီဟ-၀ဋံသကာဘွဲ့(၁၃၁၅-ခုနှစ်)
(၆) သီရိပ၀ရ-ပါဠိသိရောမဏိဘွဲ့(၁၃၁၅-ခုနှစ်)
(၇) မန္တလေးတက္ကသိုလ်မှ B.Aဘွဲ့တို့ရရှိခဲ့ပါသည်။
၁၀။သာသနာရေးနှင့် ပညာရေးဆောင်ရွက်ချက်များ...
(က) မန္တလေးမြို့ ဘုရားကြီးတိုက် နယားကျောင်းမှနေ၍ ပါဠိတက္ကသိုလ်
စာဝါများ ပို့ချပေးခဲ့ပါသည်။
(ခ) အခြေပြု ဓမ္မာစရိယအဖွဲဝင်အနေဖြင့် ငယ်-လတ်-ကြီး စာဝါများကို
အားကြိုးမာန်တက်ပို့ချ ဆောင်ရွက်ပေးခြင်း။
(ဂ) မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ကြီးကို ဦးစီး၍
စာလိုက်သံဃာများအား အုပ်ချုပ်လျှက် စာပေများ
နေ့ဝါည၀ါပို့ချပေးခြင်း။
(ဃ) ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ခေတ်က မူလတန်း
ကလေးသူငယ် မရှိဆင်းရဲသားသမီးတို့ကို အခမဲ့ပညာသင်ပေးခြင်း။
(င) ဆဋ္ဌသင်္ဂါယနာခေတ် ၁၃၁၈-ခုနှစ်မှ ၁၃၂၅-ခုနှစ်ထိ (၅)နှစ်တိုင်တိုင်
ဆဋ္ဌသင်္ဂါယနာ စာမူများကောင်းမွန်ရေးအတွက် သြသာန ပတ္ထပါဌက
သြသာန သောဓေယျကပုဂ္ဂိုလ် အနေဖြင့် စာမူများကို သုတ်သင်ပြင်ဆင်ပေးခဲ့ခြင်း။
(စ) နိုင်ငံတော်အစိုးရ၏ လျောက်ထားချက်အရ တိပိဋကပါဠိပဒ ကျမ်းညွန်း
အဘိဓါန်ကျမ်းတို့ကို ပြုစုရေးသားပေးခြင်း။
(ဆ) သာသနာရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် မန္တလေးတိုင်း ကျောင်းထိုင်
ဘုန်းတော်ကြီးသင်တန်းကျောင်း နာယကအဖွဲ့ဝင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခြင်း။
(ဇ) တိပိဋကနိကာယ သာသနာပြုအဖွဲ့ ဥက္ကဋ္ဌမင်းကွန်းဆရာတော်ကြီး၏
ကိစ္စများကိုလည်း (၅)နှစ်တိုင်တိုင် ကူညီပေးခဲ့ခြင်း။
(ဈ) သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွါးရေးကို ဂိုဏ်းပေါင်းစုံသံဃာ့
အဖွဲ့ကြီးစတင်ဖွဲ့စည်းရန် ဦးသျှောင် ဆရာတော်များအဖွဲ့တွင်
လည်းကောင်း၊ တစ်နိုင်ငံလုံးတွင် ၆၆-ပါးသော ဗဟိုဝန်ဆောင်အဖွဲ့
တွင်လည်းကောင်း၊အဖွဲ့ဝင်တစ်ပါးအနေဖြင့် လိုက်လံစည်းရုံး ဟောပြောပေးခြင်း။
(ည) ၀ိနည်းဓမ္မကံ မှူခင်းဆိုင်ရာ ဥပဒေရေးဆွဲရာ၌ ဆရာတော်သည်
အတွင်းရေးမှူးအနေဖြင့် ပြီးမြောက်အောင်မြင်သည်အထိ ဆောင်ရွက်ပေးခြင်း။
(ဋ) ယခုအထိနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်တစ်ပါးအနေဖြင့်သာသနာ
ရေးကိစ္စများကို ဆောင်ရွက်ပေးနေခြင်း။
(ဌ) ဓမ္မနီတိမိတ္တ၀ါဒများနှင့်စမ်းကလေးဝါဒကိုလည်းသီးခြားဝိနည်းဓိုရ်
အနေဖြင့် နိုင်ငံတော်အစိုးရ၏ တောင်းပန်ချက်ဖြင့် ဆုံးဖြတ်ပေးခဲ့ခြင်း။
(ဍ) နိုင်ငံတော်အရပ်ရပ်မှ မပြီးမပြတ်ဘဲ ရှိနေသည့် မှုခင်းများကိုလည်း
နိုင်ငံတော်ဝိနည်းဓိုရ် အနေဖြင့် ဆုံးဖြတ်ပေးခြင်း။
၁၁။ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များနှင့် အခြားဘွဲ့တံဆိပ်များ အလှူခံရရှိခြင်း။
(က) အဂ္ဂမဟာဂန္ထ၀ါစက၊ ပဏ္ဍိတဘွဲ့တံဆိပ်တော် (၁၉၉၂- ခုနှစ်)
(ခ) အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် (၁၉၉၉-ခုနှစ်)
(ဂ)Phd-(ဒီလစ်) ဒေါတ်တာဘွဲ့တံဆိပ်တော်
၁၂။ ဒုတိယပါမောက္ခချုပ် (သင်ကြား) အဖြစ်တာဝန်ထမ်းရွက်တော်မူခြင်း၊
၁၉၉၀-ခုနှစ်၊ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်သော အပြည်ပြည်ဆိုင်ရာ
ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်(သင်ကြား)
ဆရာတော်၏ တာဝန်များကိုထမ်းဆောင်တော်မူလျက်ရှိခြင်း။
၁၃။ ပြည်ပခရီးစဉ်မှတ်တမ်းအကျဉ်းချုပ်...
၁၉၉၄-ခုနှစ် စင်္ကာပူနိုင်ငံ ဆရာတော် ဦးပညာဝံသ၏လျှောက်ထားချက်
အရ ဥပါရိပါသာဝ သိမ်သမုတ်ပွဲကို ပဓာနနေရာမှပါဝင်ဆောင်ရွက်ပေးပါသည်။
၁၉၉၆-ခုနှစ်၊မစ္စတာဂိုဆင်ကာ၏ပင့်လျှောက်ချက်အရ အိန္ဒိယနိုင်ငံဘုံဘေမြို့ဝန်း
ရွှေတိဂုံစေတီနှင့် ဥာဏ်တော်တူ စေတီကြီး အုတ်မြစ်ချပွဲသို့၎င်း၊ဤူုဃဂ်ပူရီမြို့၌
ဝိပဿနာတရားစခန်း စုပေါင်းကျင်းပပွဲသို့၎င်း ပါဝင်၍ ဿသာနာရေး အားပေးခဲ့ပါသည်။
၁၄။ ပြုမူထုတ်ဝေပြီးသောကျမ်းစာအုပ်များ မြန်မာဘာသာဖြင့်ပြုစုသောကျမ်းစာအုပ်များ..
၁။ သိမ်တောင်သာသနာဝင်ကျမ်း (ရိုက်ပြီး)
၂။ နိုင်ငံတော်အစိုးရ၏ လျှောက်ထားချက်အရ ပြုစုသောတိပိဍကပါဌိပဒ
ကျမ်းညွှန်း (၄ အုပ်ရိုက်ပြီး)
၃။ ထေရီအပဒါန ဒီပနီ (ပါဌိဘာသာဖြင့် ပြုစုသည်။) (ရိုက်ပြီး)
၎။ တိပိဋက ပါဌိ-မြန်မာအဘိဓာန်အ-၀ဂ် ၄အုပ် (ရိုက်ဆဲ)
၅။ မောဂ္ဂလာန်သဒ္ဒါကျမ်းကို၊ အဖွင့်ပယောဂသိဒ္ဓိ နိဿယကျမ်းပ-ဒု၂အုပ်
(ရိုက်ပြီး)
၆။ မဟာစည်ဆရာတော်၏၀ိပဿနာနည်းကျမ်းကိုပါဌိဘာသာပြန်ဆိုသည်။
၇။ မန္တလေး ရတနာမဉ္ဇူဘုရားသမိုင်း (ရိုက်ပြီး)
၈။ တိပိဋကရေပါရာဇီကတ်ပုစ္ဆာဝိဿဇ္ဇနာကျမ်း (၂၈-နှစ်စာ) (ရိုက်ပြီး)
၉။ တိပိဋကရေ ပါစိတ် ပုစ္ဆာဝိဿဉ္ဇနာကျမ်း (၂၈-နှစ်စာ) (ရိုက်ပြီး)
၁၀။တိပိဋကရေ -မဟာဝါ၊စူဌ၀ါ၊ပရိဝါ (၂၈-နှစ်စာ၊ပုစ္ဆာဝိဿဇ္ဇနာကျမ်း)
အင်္ဂလိပ်ဘာသာဖြင့်ပြုစုသောကျမ်းစာအုပ်များ
၁။ အောက်ယမိုက်ပါဌိတော် ၅ ကျမ်း (အင်္ဂလိပ်ဘာသာ) (ရိုက်ပြီး)
(ဘဒ္ဒန္တနာရဒ နှင့် ဘဒ္ဒန္တကုမာရာဘိဝံသ)
၂။ အထက်ယမိုက်ပါဌိတော် ၅ ကျမ်း (အင်္ဂလိပ်ဘာသာ) (ရိုက်ဆဲ)
ယခုအခါ ဆရာတော်ဘုရားသည် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်အဓိပဓိ၊
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌဆရာတော်တာဝန် စသည်တို့ကို
ထမ်းဆောင်ရင်း သာသနာပြုလျက်ရှိပါသည်။
Subscribe to:
Posts (Atom)
