မန္တလေး ၊ ရန်ကုန် ဗုဒ္ဓ္ဓတက္ကသိုလ်
၏
ပညာရေးနှင့် သာသနာရေး စီမံချက်များ
ဗုဒ္ဓ္ဓတက္ကသိုလ်၏ သာသနာရေးနှင့် ဘ၀လမ်းခရီး လျှောက်လာခဲ့ပုံကို လျှောက်ထားတင်ပြလိုပါသည်။ တပည့်တော်သည် အသက် ၂၀-တွင် ဓမ္မာစရိယစာချတန်းမှာ ကျမ်းရင်း ၃-ကျမ်းနှင့် ဂုဏ်ထူး ၆-ကျမ်း၊ ပေါင်း ၉ကျမ်းစလုံးကို အောင်မြင်ခဲ့၍ သာသနဓဇသီရိပ၀ရဓမ္မာစရိယ ဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့နောက် ခေတ်ပညာကို ဆက်လက်သင်ယူသောအခါ မန္တလေးတက္ကသိုလ်သို့ရောက်လျှင် ပါဠိဌာန၌ (ဥရောပ) ခေတ်မှီ နည်းစနစ်ဖြင့် သင်ကြားပေးသည့် ပါဠိ၊ သက္ကတ၊ ပြာကတ၊ ဘာသာဗေဒပညာ (အင်္ဂလိပ်စာ) စသည့် ဘာသာရပ်များကို သင်ယူ-အောင်မြင်သဖြင့် အသက် ၂၇နှစ် (၁၉၆၀-ခု)တွင်ဝိဇ္ဇာ၊ ပါဠိဂုဏ်ထူး- B.A (Pali Honours) ဘွဲ့ကို ရရှိခဲ့ပါသည်။